Monday, September 16, 2013

လမ်းခရီးကြမ်းပါတယ်....

လမ်းခရီးကြမ်းပါတယ်....

မုန်းတိုင်ထန် တဲ့ အိပ်မက်ဆိုးတွေနဲ့
လောကဓံ လက်သီးတို့
ဝုန်းဒိုင်းကျဲတဲ့ ည
သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေ
နှလုံးသားက
တရိုက်နက်နက်နဲ့ ငိုသံက
မသာယာ ခဲ့ဘူး...။

အတ္တကြီးသားကောင်းတို့
သိက္ခာတရားကို လုယက်စားသောက်
တစ် ငါ ထဲ ငါ ပြီး ကြွေးကျော်ကုန်တော့
မေတ္တာတွေ.. ခပ်ဝေးဝေးပြေးရှောင်
အမုန်းမီးတွေ စစ်ခင်း
အချစ်တွေ....ခမ်းခြောက်ကုန်ပြီ....
ဘယ်သူမှမတက်နိုင်ခဲ့ဘူး.....။

မျက်နှာကြီးရာ ဟင်းဖက်တွေပါ...
ဒီဒဏ်တွေ မခံနိုင်ပါဘူး
ပုံစံမကျ တဲ့ ဒီလောကကို
ညည်ညူးကုန်ပြီတဲ့
စိတ်ကုန်နေပြီတဲ့
အမှန်က လောကကို သာ
သက်ရှိတွေ ဆေးတွေဆိုးခဲ့တာပဲမဟုတ်လား..။

လူတွေ ပြေးလွှာ
ဘာများလဲ မှတ်တယ်
ဟိုဘက်တွေ ဒီဘက်တွေနဲ့
လောဘကို တိုင်ပတ်ပြီး လုယက်
ဒီပွဲကို ကြည့်တဲ့ သစ္စာတရားက
ခေါင်းလေးယမ်း ခါနေပြီ....။

အမှောင်ရိပ်တွေဖုံကုန်ပြီ
မာဂျူရီမီးလုံး တွေ မှိတ်ကုန်ပြီ
အသစ်လဲမယ့်လူတွေ ရှာမရဘူး
ဒီလမ်းကို လျှောက်ဖို့
ငါ့နှယ်နော်...
စမ်းတ၀ါးဝါးနဲ့......။

ဟိုနားက လူတစ်ယောက်
အတ္တတွေ ထုတ်ပိုး
မာနတွေ ခေါင်းပေါ်ရွက်
လောဘတွေ ထွေးပိုက်ရင်း
ပါးစပ်က အော်နေတယ်
ဒီခရီးကြမ်းတယ် ဒီလမ်းက ဆိုးတယ်တဲ့....။

ပဲပြုတ်သည်ထအော်တယ်
အရပ်ကတို့ ရေ...
ပဲပြုတ်ကို အကြွေးစားပြီး
မပေးတဲ့သူ နဲ့ တွေ့ ခဲ့လို့ တော်..........။

အိမ်မြောင်က စုတ်သတ်ကုန်ပြီ
ကျွတ် ကျွတ် ကျွတ်......။ လင်းရောင်မိုး ။(ဘားအံ)

ဝမ်းနည်းခြင်းစေတနာ


ငိုကြွေးမူတွေကို
တစ်ရွက်ခြင်းချွေခြ
မြေမှာကျနေတဲ့
မေတ္တာတရားတွေပြန်ကောက်ပြီး
အတ္တတွေနဲ့ ဝေးတဲ့စီ
ချစ်ခြင်းတွေထုတ်ပိုးရင်း
ထွက်ခွာခဲ့ပါပြီ...................။

အလွမ်းတွေတစစနဲ့ ငွေ့ရည်ဖွဲ့ပျံတက်ကုန်
စေတနာတိမ်တိုက်တွေထဲက
မျက်ရည်မိုးတွေ ရွာသွန်းကုန်ပြီ
မြေပြင်က ပန်းတို့ လန်းပါစေ...။

ဘောင် ခေတ်ထားတဲ့ခံစားချက်တွေကို
အပြင်ဘက်သို့သယ်ဆောင်ပြီး
လွတ်လပ်တဲ့ လွင်ပြင်ကြီးထဲမှာ
မျက်စိလေးမှိတ်ပြီး
ကျယ်ကျယ်ပြန့်ပြန့် ခြေဆန့်လိုက်တော့မယ်..။

ရသတွေ...ပန်းခင်လယ်ထဲ အိပ်စက်နားယူ
တစ်ကိုယ်တည်း လိပ်ပြာလေးတွေနဲ့ ကစား
ကြည်နူးမူတွေနဲ့အတူ
သန့်ရှင်မူ စမ်းရေထဲ...
စိတ်ထဲက ရှင်သန်ခြင်းအနုပညာတို့
ရွက်တိုင်တည်..
တစ်ယောက်တည်း...နဲ့ ရွက်လွင့်လေတော့မည်..။

ကဗျာဆန်ဆန်လေးတွေကို
ထွေးပိုက်ရင်း..
ဒေါသတွေ အတ္တတွေနဲ့ ဝေးရာအရပ်
နူးညံ့တဲ့.....သံစဉ်လေးတွေနဲ့
ကဗျာတို့နှင့်တူ ထပ်တူခံစားကာ
မှေးစက်တော့မည်....။

ကျောခိုင်တဲ့နောက်မှာ
ဒေါသတို့ အတ္တတို့ မာနတို့ သိက္ခာတို့
..........နူတ်ဆက်ခဲ့ပါတယ်...။ လင်းရောင်မိုး ။(ဘားအံ)

My Heart Will Go On (From "Titanic")

Requiem for a Dream Theme (Lux Aeterna) on Violins: Taylor Davis

Nebulous - Taylor Davis (Original Song) Violin

Naruto - Sadness and Sorrow (Violin) - Taylor Davis

He's a Pirate (Pirates of the Caribbean Theme) Violin - Taylor Davis

ထိုနေရာလေးမှာ ခံစားချက်များ ရင်ဖွင့်သွားပါနော်