Monday, November 26, 2012

မိန်းမပေါတယ် မယားရှားတယ်...။ လင်းရောင်မိုး

ခုတလော ပရိတ်သတ်တွေ စာပေကောင်းတွေ နဲ့ အတွေးစလေးတွေ ပေးဖို့ကို မနည်းကြိုးစား ရှာခဲ့ ရတယ်ဗျို့ ..
ဒီခေတ်ဒီခါမှာ မိန်းမတွေပေါလာတာတော့ အမှန်ပါ--
ဒါပေမယ့် မိန်းမကောင်း မယားစစ်စစ်တော့ ရှားပါပေ့
မိန်းမ တို့ အလှကြိုက်တာ မဆန်းလှပါ.. သို့သော် အကြိုက်လွန်နေသော မိန်းမပျိုများကလည်း ရှိနေပြန်သေးသည်..။
သူငယ်ချင်း တစ်ယောက် မိန်းမ ရပြီး ပျောက်ချင်မလှ ပျောက်သွားသည်မှာ ရက် လ အတော်ကြာခဲ့ပြီဖြစ်သည်..။ တစ်နေ့ အဲ့ကောင်ကြီး နေပူမှာ မျက်နှာနီလို့  ရောက်ရှိလာပါတော့သည်..။
ကျွန်တော်လဲ မိန်းမ နဲ့ အဆင်ပြေရဲ့ လား ဘာရဲ့ လားနဲ့မေးတော့ ငိုင်ပြီးတော့ အဆင်မပြေကြောင်းပြောတယ်--။
ဘာလို့လဲဆိုတော့
သူ သည် သူမိန်းမ အရမ်းချောလှလွန်းလို့ နေတက်ထိုင်တက် အလှဘုရင်မလေး တက္ကသိုလ် ကွင်း လေးကို ရထားပြီး ချစ်သူဘ၀မှာ တော့ ဂုဏ်ယူနေတက်သူပေါ့ .. ခုတော့ သူပြောပြပုံက
ရောင်လေး ရာ ငါ့မိန်းမချောတာ လှတာ မှန်ပါတယ် ယူပြီးကာမှ ဟင်းလဲ မချက်တက်ဘူး ထမ္မင်းအိုးကိုကွာ ပေါင်းအိုနဲ့တောင် မတည်တက်ဘူး ငါ က စားမကောင်းလဲ စားတယ် ကြာလာတော့ မိန်းမရယ် ထမ္မင်းချက်တာလေး ကိုမောင်သင်ပေးမယ်ဆိုတာနဲ့
ခြေကိုဆောင့်ပြီး ထွက်သွားတယ် ..။ ငါလဲ ဘာဖြစ်တာလဲမေးတော့ သူအိမ်မှာ ဒါတွေဆို အိမ်ဖော်က လုပ်တာတဲ့ ငါ့ကို အိမ်ဖော်ငှားခိုင်တယ်ကွာ-- ကိုယ့်မိန်းမချက်တာလေးတော့ တစ်ခါတလေ စားချင်တာပေါ့ ကွာ တစ်နေ့လာလည်း အိမ်ဖော်ချက်တာ နောက်တစ်နေ့လာလည် အိမ်ဖော်ချက်တာဆိုတော့ ငါ ညစ်လာတယ်ကွာ ဒါပေမယ့် ချစ်တော့လည်း ရင်ထဲမြိုသိပ်ရုံပေါ့..။
မင်း ဇနီးက လည်း ဘယ်လိုကြီးလဲကွာ --
မသိဘူးကွာ ငါပြန်လာလည်း ကြိုတာတို့ ဘာတို့မရှိဘူး အိမ်ထဲမှာ သူ့ဝတ္ထုက အရေးကြီးတယ်တဲ့လေ..။ သူ့ကိုးရီယားကားပေါင်းမြှောက်များစွာဟာလေ ဆိုင်တောင်ပြန်ဖွင့်လို့ ရတယ်ကွ ဖာနဲ့အပြည့်..။
“ဟေ--ဟုတ်လားး”
ညညဆို မိန်းမနဲ့ ကြည်နူးချင်တာပေါ့ကွာ ကိုးရီယားကားကြည့်ပြီး အဲ့ဆိုဖာမှာတင် အိပ်ပျော်သွားရော
“ဟင်-- ဟာ မင်းမိန်းမက လည်းကွာ--”
ငါလည်း ဘာလုပ်ရမှန်းကိုမသိတော့ပါဘူးကွာ သူငါ့ကို ချစ်ရောချစ်ရဲ့ လားမသိဘူး..
“အေးလေကွာ ရန်ကုန်သူ ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့”
မဆိုင်ပါဘူး လင်းရောင်မိုး ရာ-- ရန်ကုန်သူ ထမင်း ဟင်း ချက်တာတွေ တစ်ပုံကြီးပါ
“အဲ့ဒါဆိုလည်း မင်းချက်တက်တာ ရှာယူလေ မင်းဘာသာ မင်း အလှမက်ပြီး ယူတာလေ--”
ဟုတ်ပါတယ်ကွာ ငါပဲမှားတာလား
“ချစ်တော့လည်း မင်း သည်းခံခွင့်လွတ်လိုက် တော့ သူငယ်ချင်း ရေ---”
မိန်းမတွေက ပေါလွန်းပါတယ်ကွာ -- ဒါပေမယ့် မယားကောင်းတော့ ရှားတယ်ကွ -- ကိုယ့်အပေါ်သစ္စာရှိတဲ့ မိန်းမ ကိုယ့်အပေါ် နားလည်ပြီး အိမ်မူကိစ္စတွေကို နိုင်တဲ့ မိန်းမကောင်း တွေကတော့ ဒီခေတ်မှာ ရှားတယ်ကွ-
“ မင်းပြော တာမှန်ပါတယ်-- မျှမျှ တတ လေးတွေးမယ်ဆိုရင်တော့ တူတူလောက်ပါပဲကွာ ”
ဘာကိုလဲ လင်းရောင်မိုးရ
“ခုခေတ်ခုခါမှာ ယောင်္ကျားလည်းပေါပါတယ် လင်ကောင်းရှားတယ်ကွ မိန်းမလည်းပေါပါတယ် မယားရှားတယ်ကွ ”
အေး ဟုတ်တယ်ကွ ဒီခေတ်ယောကျာင်္းတွေက လည်း တာဝန်မသိတက် ယောကျာင်္းမပီသ သူက ခပ်များများ
မိန်းမတွေကလည်း အလှပြင်ဖို့ ယောကျာင်္းယူပြီးလည်း အိမ်မူ ကိစ္စကို စိတ်မ၀င်စား
တူတူပါပဲ ကွာ---
“ အေး တစ်ခုပဲ ပြောချင်တယ် ကိုယ့်ဘက်က သာမှန်အောင်နေ ကိုယ့်ဘက်ကသာ သစ္စာရှိ ကိုယ်က စပြီးမမှားစေနဲ့ ယောကျာင်္းကောင်းဖြစ်အောင် ကိုယ်က နေထိုင်လိုက် ဒါဆို တစ်ယောက်ချင်းစီသာဒီလိုစိတ်တွေ ဖြစ်လာရင် မိန်းမတွေဟာလည်း ကောင်းလာမှာပါကွာ ”
လင်းရောင်မိုး
ကြိုးစားနေလျှက်

No comments:

Post a Comment

ထိုနေရာလေးမှာ ခံစားချက်များ ရင်ဖွင့်သွားပါနော်