Monday, November 26, 2012

အဲ့ဒီလမ်းကို ခြေဦးတောင် မလှည့်ပါရစေနဲ့ ။ လင်းရောင်မိုး ။

ကိုယ်ကျိုး အတ္တကိုရှေ့တန်းမှာထား
အမှန်တရားကို နောက်တန်းမှာ ထား
သစ္စာတရားကို ဘောလုံးလုပ်
အနီကတ် အ၀ါကတ်တွေ ပလူပျံနေတဲ့
မေတ္တာမဲ့ ကွင်းထဲမှာ
အမုန်း လု နေတဲ့ ပွဲကို
ငါ မကြည့်ချင်တော့ဘူး ...။
ကိုယ့်ဘ၀ ကိုယ်ပုံဖော်
ကိုယ့်သမိုင်း ကိုယ်ရေး
ပျော်ရွင်မူ မေတ္တာတွေ အပြည့်နဲ့
သစ္စာတရားပန်းခင်းကြီးမှာ
အချစ်အိမ်လေးဆောက်
အပြုံးတွေနဲ့ အမုန်းတွေမရှိတဲ့နယ်မြေမှာ
နေချင်မိတယ်...။
ကိုယ်ကျိုးကြည့်အတ္တသားကောင်းတွေ
မေတ္တာမဲ့ လမ်းမှာ
အလင်းမရှိ ဓါတ်တိုင်အောက်
အမှောင်ရိပ်ခို လို့
သစ္စာတရားပျက်သုန်းနေတဲ့
အဲ့ဒီလမ်းကို
ခြေဦးတောင် မလှည့်ပါရစေနဲ့ ..။
လင်းရောင်မိုး

No comments:

Post a Comment

ထိုနေရာလေးမှာ ခံစားချက်များ ရင်ဖွင့်သွားပါနော်