Monday, November 26, 2012

သာယာတဲ့ နေရာလေးက နှလုံးသားမှာရှိနေတယ်......။ လင်းရောင်မိုး ။


နေရောင်အောက်
ရွှေစပါးတို့နှင့်
လယ်ကွင်းတွေ ရေလယ်မှာ ဖွေးနေလို့
အလှတရား တောဓလေ့မှာ
ဇနီးလက်ကိုဆွဲကာ
လျှောက်ခဲ့ဖူးတယ် .။
ကျေးဌက် တို့ အော်မြည်သံနှင့်
ညနေမှာ လေပြေ လေးနှင့်
တောလမ်းလေးတစ်လျှောက်
ကြင်နာလို့ လျှောက်ခဲ့ ဖူးတယ်
ကြည်နူးမိတယ်..။
ဇွဲကပင် တောင် တိမ်ထူထူဖုံလို့
တံငါးသည် လှေပေါ်က ပိုက်ချတယ်
ပျောက်မဆုံးတဲ့ တောဓလေ့
ချစ်စရာ့ ဖွယ် ။
စနေ ဆို ကရင်ဝတ်စုံ ကိုယ်စီနှင့်
ဆွမ်းချိုင့်ကို လက်ကဆွဲလို့
ရွာဦးကျောင်း ဆွမ်းကပ်တယ်
ဒါနမပျက် ကုသိုလ်ယူတဲ့
ရိုးသားတဲ့ ကရင်ပြည်ဝယ်
စိတ်ချမ်းမြေ့တယ် .။
နေစောင်းရင် ဆိုင်ကယ်စီးလို့
ဇနီးနှင့် အတူလည်တယ်
ချမ်းမြေ့စရာ ရူ့ခင်းတွေနှင့်
လှပတဲ့ တောင်တန်းတို့က
ကရင်ပြည်အလှ ပုံဖော်လို့
မောင်နှံအတူ ကြင်နာလို့ပျော်တယ်
သာယာတဲ့ နေရာလေးက
မပျောက်ပျက်စွာနှင့်
နှလုံးသားမှာ ရှိနေတယ်
ကရင်ပြည်နယ် အလှတွေ ကြွယ် ..။
လင်းရောင်မိုး
http://democracyforburma.files.wordpress.com/2010/01/e3e07927c9.gif

No comments:

Post a Comment

ထိုနေရာလေးမှာ ခံစားချက်များ ရင်ဖွင့်သွားပါနော်