Monday, November 26, 2012

အလွမ်းည မှာ.... ။ လင်းရောင်မိုး ။

တိတ်တဆိတ်နဲ့
မိုးသံက လွဲလို့ ဘာမျှမကြား
မျက်ရည်တစ်ပေါက်
ပါးပြင်အောက်ကနေ
လျှို့ဝှက်စွာ ကျဆင်းခဲ့တာ
မည်သူမျှ မသိ  ။
ညနေခင်း နေ၀င်ချိန်
အိပ်တန်းတက် ငှက်တို့ပျံသန်း
တစ်ယောက်တည်း လွမ်းရင်း
ချစ်သူလာမယ့်အချိန်ကို
လွမ်းလို့ မျှော်နေဆဲ  ။
ပြတင်းပေါက် တံခါးမှ
စီးကျတဲ့ မိုးရေစက်တို့က
မျက်ရည်တွေ ကျဆင်းငိုနေသလို
အလွမ်း၏ အဓိပ္ပယ်ကို
ကောင်းမွန်စွာ ဖော်ဆောင် နေလျှက် ။
ချစ်ရသူ အချစ်ဆုံးပေမို့
လွမ်းရသူ အလွမ်းဆုံးဖြစ်သည်
အမြန်ပြန်လာပါလို့
ရင်ထဲက အော်ခေါ်သံ
နှလုံးသားမှာ ပဲ့တင်လို့
အလွမ်းညမှာ
အိပ်မပျော်ပြီ
ညတာ ရှည်သည်။
လင်းရာင်မိုး ဘားအံ

No comments:

Post a Comment

ထိုနေရာလေးမှာ ခံစားချက်များ ရင်ဖွင့်သွားပါနော်