Wednesday, November 28, 2012

သစ္စာတရား

ချစ်ခြင်းမေတ္တာ
စစ်စစ် ရေ မရော
နှလုံးသား ထဲတွင်
တစ်ယောက်တည်းသာ
ချစ်မိနေ၏
ချစ်ဇနီးလေး သိပါစေ ။
တူပျော်ခဲ့တဲ့ ကရင်ပြည်နယ်ဝယ်
ရွာထိပ်ကို ညနေခင်း လမ်းလျှောက်
အမောပြေတဲ့ မေ့ မျက်နှာက
ပန်းလို ကြည်နူး လှပ လေ ၏ ။
နေစောင်း နေ၀င် ညနေခင်းမှာ
ဆိုင်ကယ်လေးထုတ်
ဘားအံမြို့ တက် ဈေးဝယ်ခဲ့တဲ့
လှပလွန်းသည့် တောင်တန်းတွေကြား
အပြန် ညနေ
မမေ့ အမှတ်တရ
ရင်မှာ ထာဝရ ရှင်သန်ဆဲ...။
ဝါခေါင် လက်ချည်
ကရင် ရိုးရာဓလေ့ပွဲမှာ
မေ နှင့် မောင် ၀င်ကာနွှဲလို့
ကရင်ဝတ်စုံ နှင့်
တူပျော်ခဲ့ကြတယ်
ကြည်နူးဖွယ် ထိုနေ့လေးက
မမေ့ရက်နိုင်ပါ.။


ချစ်ဆုံးသူ ရင်မှာထာဝရ
မပျောက်မပျက် ချစ်ခြင်းတွေနဲ့
မပျက်စီး သော မေတ္တာ
နားလည်မူ တရားကို
ရင်မှာ ချည်နှောင်
မေ့လက်ကို မောင်တွဲလို့
ရင်ထဲက သစ္စာတရား
မေ့အတွက် အမြဲ ရှိနေမည် ။
http://democracyforburma.files.wordpress.com/2010/01/e3e07927c9.gif

လင်းရောင်မိုး

No comments:

Post a Comment

ထိုနေရာလေးမှာ ခံစားချက်များ ရင်ဖွင့်သွားပါနော်