Friday, September 6, 2013

ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ပုံရိပ်....

ဒီနေ့ ကျွန်တော်တို့ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ရဲ့ ရုပ်ပုံလွှာကိုရေးသားဖော်ပြပေးပါ့မယ်..။ သိထားသင့်တာလေးတွေကို ကျွန်တော် ထုတ်နုတ်ရေးသားမျှဝေပေးမှာဖြစ်ပါတယ်..။ သူ၏အရပ်ဟာ ၅ ပေ နဲ့ ၈ လက်မ ရှိပြီး ဆံပင်ကိုသေသပ်စွာနောက်ပြန်ဖြီးလေ့ရှိပါတယ်..။ ပခုံးကျယ်ပြီး ကြွက်သားလိုင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဒာကိုယ်ဟာ ယောကျာင်္းပီသပြီး အလွန်ကြည့်ကောင်းသူ တစ်ယောက်ဖြစ်ပါတယ်.။ လေးထောင့်ကျကျ မျက်နှာ အပြုံးရိပ်တွေအူမဲဝေနေပေမယ့် လေးနက်တည်ကြည် ခန်ခန့်ညာညား နေတက်တဲ့ သူ့ကို ကင်းဘရေ့ဂ်ျ တက္ကသိုလ် မှ ခင်မင်သူမိတ်ဆွေတွေက ဖရက်အဲလန်(Fred Allen) ဟုခေါ်ဆိုကြသည်..။ အမြဲလိုလိုမျက်မှန်တပ်ထားတက်တဲ့ သူ့ကို ဓါတ်ပုံထဲ မျက်မှန်မပါဘဲတွေ့ ရတာ တစ်မျိုးလေးဆန်းနေသလိုပါပဲ..။ ချမ်းသာတဲ့ မျိုးရိုးကဆင်းသက်လာပြီး အနောက်တိုင်းခေတ်ပညာတက်သူတစ်ဦးဟာ မိမိကိုယ်မိမိယုံကြည်မူအပြည့်ရှိသူ စိတ်ဓါတ်မြင့်မြတ်ခိုင်မာသူ တစ်ယောက်ဖြစ်ပါတယ်..။သူဟာ သန့်သန့်ရှင်ရှင် သပ်သပ်ရပ်ရပ် စတိုင်လ် ကျကျနေထိုင်တက်သူတစ်ယောက်လည်းဖြစ်ပါတယ်.။ ကျွန်တော့် ရဲ့ အိပ်ယာဘေးမှာ.. ဖေဖေရယ် မေမေရယ် ကျွန်တော်ရယ် သုံးယောက် အီဒန်ဘရေ့ဂျဒ်(Edenbridge) မှာနေတုန်းက တွဲရိုက်ထားတဲ့ ဓါတ်ပုံလေးရှိတယ်..။ဓါတ်ပုံထဲမှာ မေမေက ကျွန်တော်ကိုသိပ်ထားတဲ့ ကလေးတွန်းလှည်းလေးကို ကိုင်ပြီး မတ်တပ် ရပ်နေပါတယ်..။ဖေဖေက အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပါတယ်.။လက်အိတ်စွပ်ထားတဲ့ လက်မှာ ထီးတစ်လက်ကို ကိုင်ထားပြီး.. ဦးထုပ်အပိုင်းလေးဆောင်းထားတဲ့ ဖေဖေဟာ ကင်မရာကို စူးစိုက်ကြည့်နေပါတယ်.။ ကိုလိုနီခေတ်တုန်းက ခေတ်စားတဲ့ ကာကီဘောင်ဘီတို့ကိုဝတ်ထားပြီး ဒူးလောက်နားထိရှည်တဲ့ အာဂျီခြေအိတ်ရှည်ပေါ်မှာ အညိုရောင်သားရည်ဖိနပ်ကိုစီးထားတဲ့ဖေဖေဟာ ထုံးစမ်းတိုင်း ကြည့်ကောင်းနေပါတယ်..။ ခုတော့ ဓါတ်ပုံလေးဟာ ဆေးသားတစ်ချို့  ပျက်ပြယ်နေပါပြီ..။ ဖေဖေဟာ တံယောတစ်လက်ကို ပိုင်ဆိုင်ထားပေမယ့် သူတံယော ထိုးတာကို တစ်ခါမှမတွေ့ ရဖူးပါဘူး..။ ဒါပေမယ့် သူတံယောထိုးတာ ၀ါသနာပါခဲ့ဟန်တူပါသည်..။အဲ့ဒါကြောင့် ကင်းစ်ဝုဒ်(Kings wood) မှာနေတုန်းက ကျွန်တော်တို့ ကို ဂီတသင်တန်း တက်စေခဲ့သည်.။သူရဲ့ အထက်တန်းဆန်ဆန်နဲ့ စတိုင်လ်ကျကျနေထိုင်းတဲ့ ဓလေ့ဟာ အနုပညာနဲ့စာပေကို စိတ်ဝင်စားဖို့ အကြောင်းပြုဟန်တူပေမယ့် ဒီကစ္စနဲ့ပက်သက်ပြီး သူ ပွင့်ပွင့်လင်းလင်းမပြောခဲ့ပါဘူး..။ သူဟာသင်ကြားမူမှာ... စိတ်ရှည်တဲ့သူတစ်ယောက်မဟုတ်ပါဘူး..။ သူ့သင်ကြားမူပုံစံကတော့ မြင်းဇက်ကြိုးကို ခပ်ဆက်ဆက် ကိုင်ပြီး နှင်တံကိုပြေးစေတဲ့ အလားပါဘဲ။ သူဟာကျွန်တော်ကို စက်ဘီးစီ၊မြင်းစီး၊ရေကူးနဲ့၊လက်ဝှေ့ပညာတွေ ကိုယ်တိုင် တွန်းပို့သင်ကြားပေးခဲ့ပါတယ်..။ လက်ဝှေ့ သင်ပေးတဲ့ခါမှာတော့ ကလေးအရွယ် ကျွန်တော်နဲ့ အရပ်ချင်းတူအောင် ထောက်ပြီး သူကစားလေ့ရှိတယ်..။ ဒူးပေါ်မှာမို့ ရွေ့လျားမူနှေးကွေးတဲ့သူ့ကို ကျွန်တော်က မိမိရရ ထိုးမိလို့ ဖေဖေ နှာတံသွေးယိုသွားတဲ့အခါမှာ ဖေဖေ ဟာကျွန်တော်ကို ကြည့်ပြီး အရမ်းအားရ ဂုဏ်ယူနေတော့တယ်..။ ဖေဖေဟာ လေ့ကျင့်ထားတဲ့အားကစားသမားတစ်ယောက် ခန္ဒာကိုယ်အချိုးအစားကို သဘာဝပိုင်ဆိုင်ထားမေယ့် ထူးချွန်တဲ့အားကစားသမားဖြစ်လာဖို့ စိတ်ရှည် စွာကြိုးစားမလေ့ကျင့်ပါဘူး...။ ဖေဖေဟာ သူလုပ်ချင်တာ ဖြစ်ချင်တာတွေအားလုံး တကယ်ဖြစ်လာအောင်လုပ်နိုင်၊စွမ်းဆောင်နိုင်တဲ့ အရည်ချင်းရှိသူ သဘာဝါပရမီရှင်တစ်ယောက်ဖြစ်ပါတယ်..။ ကင်းဘရေဂ်ျ(Cambridge) တက္ကသိုလ် ၀င်ခွင့်ရဖို့ အတွက် လိုအပ်တဲ့ လက်တင်ဘာသာကို ခြောက်လအတွင်း သင်ကြားတက်မြှောက်နိုင်တာဟာ သူမှတ်ညဏ်နဲ့ ညဏ်ရည်ဘယ်လောက်ကောင်းတယ်ဆိုတာကို ဖော်ညွန်းနေပါတယ်..။သတ်မှတ် ချိန် အတိုင်းတာတစ်ခုအတွင်း ကင်းဘရေဂ်ျ တက္ကသိုလ်မျိုးက ဥပဒေဘွဲ့ ကို အဆင့်မြင့်မြင့်အောင်နိုင်ခဲ့တာ ဟာလဲ သူ့ ရဲ့ ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မူနဲ့ ထက်မြက်မူရဲ့  အကောင်းဆုံး သက်သေတွေပါပဲ..။ သူရဲ့ ညဏ်ပါရမီနဲ့ ထက်မြက်မူ၊ စိတ်ဓါတ်ခိုင်မမူတွေကသူ့ဘ၀ကိုကြီးကျယ်အောင်မြင်စေခဲ့ပါတယ်။ ဒါပေမယ့် ဖေဖေဟာငြီးငွေ့ ဖွယ် အလုပ်အကိုင်ကြီးတွေနဲ့ အမြဲတမ်းအချိန်ကုန်နေတဲ့သူ တစ်ယောက်တော့မဟုတ်ပါဘူး..။သူဟာ သူငယ်ချင်းတွေနဲ့ပျော် ပျော်ရွင်ရွင် စိတ်လက်ပေါ့ပါးစွာ နေထိုင်လေ့လည်းရှိပါတယ်.။သူ့မှာ သူ့လိုဘဲ ငွေကြေးပြည့်စုံတဲ့ တရုတ်လူမျိုး မိတ်ဆွေကောင်းတစ်ယောက်ရှိပြီး သူတို့နှစ်ယောက် အတူတူ အပန်းဖြေဘီလိယက်ထိုးပြီး သူရဲ့ အားလပ်ချိန်တွေကို ကုန်လွန်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ တစ်ချိန်က ဖေဖေ့ ဘ၀ရဲ့ ပုံရိပ် တစ်ချို့ ပါ။ အခုတော့ စစ်ကြီးက အရာရာကို အားလုံးပြောင်းလဲသွားစေခဲ့ပါပြီး...။ ဒီစာကို ကို စောသာတော က ရေးခဲ့ပါတယ်.။ထိုစာရေးသူကို ကျွန်တော် လေးစားလျှက်ပါ.....။ နောက်ပြီး...ဘာသာပြန်ဆိုထားတဲ့ စာလဲဖြစ်ပါတယ်..။ စာအုပ်မှာတော့ အမျိုးသားခေါင်းဆောင်စောဘဦးကြီး၏သား မိုင်ကယ်သီအိုဒို ၂၀၀၆ ခုနှစ်တွင် ကနေဒါနိုင်ငံ တိုရန်တိုမြို့ တွင် ကင်ဆာရောဂါဖြင့် ဘ၀တစ်ပါးသို့ မကူးပြောင်းသွားခင် ဖခင်စောဘဦးကြီး အကြောင်းရေးသာချက်အား ဘာသာပြန်ဆိုသည်ဟု ပါရှိပါသည်.။ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့ တစ်ချိန်က ပုံရိပ်အချို့ ကို ကရင်ညီအကိုမောင်နှမအားလုံး သိအောင် မြင်အောင် လေ့လာမှတ်သားနိုင်အောင်..ကျွန်တော်က ပြန်လည်း ရေသားဝေမျှပေးပါတယ်..။ လင်းရောင်မိုး (ဘားအံ)

No comments:

Post a Comment

ထိုနေရာလေးမှာ ခံစားချက်များ ရင်ဖွင့်သွားပါနော်