Friday, September 6, 2013

ရိုးရာယဉ်ကျေးမူကို ထိန်းသိမ်းဖို့ ကရင်လူမျိုးတိုင်း စည်းလုံးကြပါစို့

ကရင့်သမိုင်းကြောင်းဆောင်းပါးကို ..ကျွန်တော်ဝေမျှခဲ့ပြီပါပြီး.. ကရင်လူမျိုးတို့ ဘယ်ကနေဆင်းသက်လာတယ် ဆိုတာတွေကို ကျွန်တော်လေ့လာပြီးနောက်မှာ..။ လက်ရှိရိုးရာယဉ်ကျေးမူကို ထိန်းသိမ်းဖို့ သမိုင်းပေးတာဝန်တစ်ရပ်ဆိုတာကို ထပ်မံရေးသားလိုက်ပါရစေ... ယ်ုပါဍောဟ်ဖုံဖေါဟ်ကိုဝ်ဟှာဍေ..။ ကျွန်တော်မြန်မာဘာသာနဲ့ရေးတာကို...တစ်ချို့ ကဲ့ရဲ့ ချင်းကဲ့ရဲ့ကြပါလိမ့်မယ်..ကျွန်တော်..မရှက်ပါဘူး..ကရင်ဘာသာစာပေတက်သူက သူ့တာဝန်သူထမ်းဆောင်သွားပါလိမ့်မယ်...။ ကရင်ယဉ်ကျေးမူအမွေနှစ်တွေ၊ရိုးရာနဲ့ယဉ်ကျေးမူ အစရှိတဲ့ ကရင့်ရိုးရာယဉ်ကျေးမူတွေဟာ ကရင်ပြည်နယ်မှာ အများပြားရှိပါတယ်..။ ထိုရိုးရာယဉ်ကျေးမူအမွေတွေကို ပြည်ပ ရောက်ကရင်လူမျိုးတွေ အလုပ်နဲ့သက်သေပြခဲ့တဲ့ ပုံရိပ်တွေဟာ.........ကျွန်တော်အနေနဲ့လေးစားလို့မဆုံးခဲ့ပါဘူး...။ မြန်မာပြည်မှာ ကရင်မျိုးနွယ်ပေါင်း အများပြားရှိသလို..ကရင်တွေပျံနှံ့နေထိုင်ကြပါတယ်...။ုပြည်တွင်းမှာတင်မက ပြည်ပမှာပါ ပျံနှံ့နေထိုင်ကြပါတယ်...။ မနေ့က ကျွန်တော် ကိုမျိုးချစ်ကရင် ရေးသားတဲ့ ကရင်လူမျိုးနဲ့ ပညာရေးဆိုတာကို မျှဝေခဲ့သလိုပေါ့..ပညာရေးဆိုတာကလည်းအရေးပါပါတယ်..နောက်ပြီး ကရင့်စိတ်ဓါတ်ဆိုတာလည်းအင်မတန်အရေးကြီးပါတယ်...။ ယဉ်ကျေးမူရိုးရာဆိုတာ...ပညာနဲ့သာစည်းရိုးထိုးမှသာ လုံခြုံသလို..ကိုယ့်အမျိုးကိုယ်တကယ်ချစ်မှသာ..စည်းလုံးမှသာ...ဒီယဉ်ကျေးမူတွေ ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်...။ စည်းလုံးခြင်းနဲ့ပက်သက်ပြီးပြောရရင်....ကရင်လူမျိုးပေါင်း..အများပြားရှိသည့်အနက်..ပိုး စကော တလိုင် ပက်ကညှော အနောက်ပိုး မြစ်ဝကျွန်းပေါ် နေရာဒေသနဲ့အများ စာပေလည်းကွဲသလို စကားလည်း တစ်ချို့ နည်းနည်းကွဲသလို လုံးဝမတူတာမျိုးလဲရှိပါတယ်..။မည်သို့ပင်ဖြစ်ကောမူ ကရင်ဟာ ကရင်ပါပဲ.......။ တစ်ချို့ ကြပြန်တော့ သွေးနှောပြီးမွေးလာတဲ့ ကရင်ဆိုတာ မိဘနဲ့သာဆိုင်တယ်ဆိုပြီး မိဘကိုသွားပြီးထိခိုက်တယ်..။မဆိုင်ပါဘူး...အဓိကတစ်ချက်က ..ကိုယ့်မှာကရင့်စိတ်ဓါတ်နဲ့ ၀င့်ကြွားစွာ ကိုယ့်လူမျိုးတွက်ပေးဆပ်နိုင်ပါတယ်...။ ကရင့်စိတ်ဓါတ်နဲ့ ပေးဆပ်သွားတဲ့ သွေးနှောကရင်ရှိသလို......အဖေကရင်အမေကရင်ဖြစ်ရက်နဲ့ ကရင့်ရိုးရာကို စိတ်မ၀င်စားပဲ နေတက်သလိုနေတဲ့သူတွေလည်းရှိတာပါပဲ...။ ကရင်စကားကိုကျွမ်းကျင်ပိုင်နိုင်စွာပြောတက်သူတွေကလည်း..ကရင်စာပေအားကျွမ်းကျင်စွာတက်မြှောက်ထားသူများကလည်း....မတက်သေးတဲ့ ကရင့်ရင်သွေးငယ်တွေ အခွင့်မကြုံခဲ့တဲ့ ကရင်လူငယ်မောင်နှမတွေကို သင်ကြားပို့ချပေးရင်းနဲ့ လက်တွဲခေါ်ယူသွားမှသာ ကရင့်လူမျိုး အဓွန့်ရှည်တည်တံ့မှာဖြစ်ပါတယ်..။ ဒီလိုမှမဟုတ်ပဲ....လိုလားပြီး ကရင်တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့ကလေးတွေအပေါ်..နင်ကရင်စကားမတက် ကရင်မဟုတ်ဘူးသွားပြောလိုက်တာနဲ့ သူတို့မှာစိတ်ဒဏ်ရာတစ်ခုရနိုင်သလို..စိတ်မကောင်းလဲဖြစ်သွားနိုင်တာပါပဲ..။ ဘာကရင်ပဲ ဖြစ်ပါစေ..ကျောသားရင်သားမခွဲခြားပဲ...ကြည်ဖြူစွာလက်တွဲ ခေါ်ကြရမှာပါ..။ ညီမက စကောလား...ဟုတ်ပါတယ်..အမကတော့ ပိုး ပါ... ညီမတို့စကား က ထမင်းကိုဘယ်လိုခေါ်လဲ... အမတို့စကားက ကော..စသဖြင့်... နှီးနှောဖလှယ်ကြရမှာ..ပါ...။ ငါ့စာ ငါတက် ငါ့စကားပြောတက် မပြောတက်တဲ့လူကျန်ခဲ့ဆိုသလို ပညာဂုဏ်မောင့်ပြီး ချန်ခဲ့ရင်..သင့်လူမျိုး ပဲ ရော့ပါးဆုံးရူံးရလိမ့်မယ်....။ ဓါးသွားက ထက်ထက် သွေးပြချင်တုန်း အမျိုးစိတ်နဲ့  သွေးပါများရင် အိုကရင် အမျိုးနွံနစ် မဖြစ်စေနှင့် တစ်ချို့ ကရင်တွေကြတော့ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်...တစ်ချို့ ကရင်တွေကြပြန်..မြို့မှာနေတော့ ဒုက္ခတို့ စစ်ဘေးတို့ မကြုံခဲ့ရပြန်ဘူး....။ သူသည်လည်း ငါ့သွေး ငါသည်လည်း သူ့သွေးလို့ သဘောထားကာ ... ကရင်ညီအကိုမောင်နှမအားလုံး ရိုးရာယဉ်ကျေးမူတွေကို ထိန်းသိမ်းစောင့်ရှောက်ကြရမှာဟာ...သမိုင်းပေးတာဝန်တစ်ရပ်ပင်ဖြစ်ပါတယ်...။ ကရင်နဲ့ ပအို့ညားတာရှိမယ် ကရင် နဲ့ မွန် ညားတာရှိမယ် ကရင် နဲ့ ဗမာ ညားတာရှိမယ် ကရင် နဲ့ ရှမ်း ညားတာရှိမယ်.. ဘယ်လိုပင်ဖြစ်နေပါစေ....အချိန်တန် ကရင်သွေးပေါ်က..ကျွန်တော်ကရင်စကားတက်ချင်တယ်ဟေ့ လို့ ကြွေးကျော်လိုက်တဲ့ ကလေးကို..ကရင်တွေ အားပါးတရ ကြိုဆိုကြရမှာဖြစ်ပါတယ်...။ ပက်ကညှော်လည်း ကိုယ့်အမျိုး ကိုယ့်သွေးပါပဲ.. ပိုးလည်း...ကိုယ့်အမျိုးကိုယ့်သွေးပါပဲ စကော လည်း ကိုယ့်အမျိုးကိုယ့်သွေးပါပဲ.. အားလုံတူညီ လက်တွဲကာစည်းလုံးပြီး ကရင့်စာပေယဉ်ကျေးမူ အမွေနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်...။ တစ်ယောက်ကိုတစ်ယောက်လေးစားမူရှိမှ တိုးတက်မူတစ်ခုဖြစ်နိုင်တာမို့ ရွှေကရင်အချင်းချင်း...တစ်ယောက်ကိုတစ်ယောက် ဘာကရင် ညာကရင်တွေခွဲ သွေးစစ်တာမစစ်တာတွေ အချိန်ကုန်ခံပြောနေမယ့်အစား... ငါ ငါ့လူမျိုးကောင်းဖို့ ဘာလုပ်ပေးဖူးလဲ ပြန်စဉ်စားပါ...မလုပ်ရသေးပါက လုပ်ဖို့ ကြိုးစားပါ..။ ကိုယ့်ကရင်လူမျိုးကောင်းဖို့ သင်ပေးဆပ်ပြီးအလုပ်လုပ်နေတယ်ဆို...သင်ဟာ ကရင်ချစ်စိတ်ဓါတ်နဲ့ ကရင်ပါပဲ.........။ ကရင်လူမျိုးများအားလုံး လေးစားသောအားဖြင့်.... ကိုယ့်အမျိုးကိုယ်ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ ပြောရင်း.. ကိုစလှားဖန်း ရေးတဲ့ ကဗျာတစ်ပုဒ်နဲ့ အဆုံးသတ်လိုက်ပါရစေ.... ကရင်တစ်ဝက် သွေးနှောလျက်နှင့် ကရင်မဟုတ် မပြောနိုင် စိတ်ဓာတ်နဲ့တည် ကရင်ကိုချစ် သွေးပြည့်စေသည်.....။ သွေးနှောကာနေ မျိုးမစစ်ဟု မပြောနိုင်ထင် အမျိုးကိုချစ် ကိုယ်ကျိုးစွန့်ရင်း ပေးဆပ်နိုင်သည်.....။ သွေးနှောကာနေ အားငယ်ခြင်းဖြင့် ဂုဏ်မငယ်နှင့် ပတ်ဝန်းကျင်အလယ် အသိုင်းဝိုင်းကြားမှာ စိတ်ဓာတ်ကိုတည် ကရင်မျိုးဖြစ် ဂုဏ်ယူနိုင်သည်.....။ ...... သွေးနှောလျက်၇ှိသော ညီအစ်ကိုမောင်နှမများ အမျိုးချစ်သော စိတ်ဓာတ်နဲ့ ပြည့်စုံကြပါစေ...... လင်းရောင်မိုး(ဘားအံ) —

1 comment:

  1. ကရင်လူမျိုးအကြောင်းလေးမို့လာဖတ်နေတယ်နော်....အခုအမတို့နေတဲ့နေရာမှာက ကရင်တွေပဲရှိတာလေ.....အမတို့နဲ့ရင်းနှီးတာကလဲ ကရင်ပါပဲ......

    ReplyDelete

ထိုနေရာလေးမှာ ခံစားချက်များ ရင်ဖွင့်သွားပါနော်