Monday, September 16, 2013

my favorite is violin....

my favorite is violin....
ကျွန်တော် တူရိယာ သံစဉ်တွေထဲမှာ အနှစ်သက်ဆုံးအကြိုက်ဆုံးဟာ..
တံယောသံစဉ်နဲ့ တံယောပဲဖြစ်ပါတယ်..။

တံယောကျွန်တော် အရူးမူးကို စွဲလန်းနှစ်သက်တာအမှန်ပါပဲ...
တံယော ဟာ ဘယ်ဇတ်လမ်းမဆို.... သူမပါမဖြစ်ကိုပါမြဲပါပဲ.....
တံယော သံစဉ်ဟာ...မွေးရာပါ..ချွဲချွဲ နွဲ့နွဲ့သံစဉ်ဖြစ်ပါတယ်..။
နူးညံ့သိမ့်မွှေ့ စွာနဲ့ လေထဲမှာ သစ်ရွက်ကလေး ပျံသန်းနေသလိုပါပဲ....။
တံယောကို စတင်နားထောင်တာက .. သုံးတန်းနှစ်နဲ့ လေးတန်းချိန်တုန်းကပါ..အမေက တံယောတီးတာကိုကြိုက်ပါတယ်..။သို့ပေမယ့် နားထောင်တာလောက်ပါပဲ...သိပ်နားမလည်သေးဘူး....နောက် ငါးတန်းမှာ ကဗျာတွေ ကြိုကြာ ကြိုကြာ ကျွန်တော်စရေးလာတယ်..အဲ့ချိန်မှာ တံယောသံစဉ်ကို အနည်းငယ်ခံစားတက်လာပါပြီ....။ကျွန်တော်တံယောသံကို စတင်ပြီးအရမ်းကို ကြိုက်နှစ်သက် ခံစားနားလည်တက်တဲ့ချိန်က ကိုးတန်း နှစ်မှာပါပဲ..။

ဒါကြောင့်တံယောတီးသူ နှင့် တံယောကို နှစ်သက်မြတ်နိုးသူတွေဟာ စိတ်ထားအင်မတန်နူးညံ့ကြပါတယ်...။ မျက်ရည်လွယ်တက်သူများလည်းဖြစ်ကြတယ်..။
တံယောသံဟာ... စိတ်ဓါတ်ကျနေသူကို စိတ်ဓါတ်မြင့်တင်ပေးတဲ့ သံစဉ်အဖြစ်လည်း ဖန်းတီးနိုင်တယ်...။

ဒါကြောင့် နူးညံ့ သိမ်မွှေ့ စွာနဲ့ အားပေးတက်တဲ့ တူရီယာသံစဉ်တစ်ခုလည်းဖြစ်ပါတယ်...။
ထိုတူရိယာ ဟာ...သင့်ဘ၀ရဲ့ လွမ်းဆွတ်မူတွေ ငိုကြွေးမူတွေကို...သင့်ဘေးမှာ ထပ်တူခံစားမျှဝေပေးနိုင်သော ..အကောင်းဆုံးသော....အရာတစ်ခုပင်ဖြစ်သည်..။

ကျွန်တော်ကျောင်းသွား..လို့ စတေကာ တွေဝယ်ရင် တံယောပုံလေးတွေ များဆုံးရှာဝယ်ဖြစ်ပါတယ်။
အရမ်းကို ကဗျာဆန်လွန်းတဲ့ တူရိယာဖြစ်လို့ ကဗျာဆရာတွေနဲ့ ဆို ပိုမိုလိုက်ဖက်ပါပေတယ်..။

ကျွန်တော်စိတ်ညစ်တဲ့ချိန်..ဒါမှမဟုတ်...ကျွန်တော်ကဗျာတစ်ပုဒ်ရေးတော့..မယ်ဆို...
ကျွန်တော် တံယောသံစဉ်တစ်ခု အရင်နားထောင်ဖြစ်ပါတယ်...။ ပြီးမှ ကဗျာရေးလေ့ရှိတယ်..
တံယောက တော့ ... ကျွန်တော် ရဲ့  တကယ့် တကယ့်ကို အကြိုက်ဆုံး ....ပါ..ပဲ..။

I Love Violin.........................။ 


No comments:

Post a Comment

ထိုနေရာလေးမှာ ခံစားချက်များ ရင်ဖွင့်သွားပါနော်